။ မှာခဲ့ပါရစေ ။

။ ငါသေသောခါ၊ ငါ့မသာကိုတန်ဆာပြုပြင်၊ ပွဲကြီးယင်၍သဘင်ကချေ၊ ဆို ငို တွေနှင့်ငွေကြေးကုန်ကျ၊ မပြုကြနှင့်ဘာမျှအကျိုးမရှိပါ။ ။ ရွှေ ငွေရောင်တောက်၊ မဏ္ဍပ်ဆောက်၍အံ့လောက်စဖွယ်၊ အသွယ်သွယ်လျှင်မဖွယ်မရာ၊ မပြုပါနှင့်သံသာ ပစ္စုပ်၊ အကျိုးယုတ်​၏။ ။ ငှက်ပျော လက်ပံ၊ ပုံသဏ္ဌာန်ဟုစိတ်နာမ်ကင်းကွာ၊ ဤခန္ဓာကိုတော်ရာဌာန၊ ဆောင်ယူကြလျှက်ပြာချသင်္ဂြိုဟ်လိုက်ပါလေ။ ။ ဈာပနသဘင်၊ ပျာချစဉ်ဝယ်ရှုဆင်ပွားကြ၊ အသုဘဟုနှစ်ဝနာမ်ရုပ်၊ ခွဲခြားထုတ်၍ချုပ်ပျက်တင်ကာ၊ ဘာဝနာကိုနှစ်သာရပိုင်၊ ရယူနိုင်မှဆုတ်ကိုင်ဖြည့်ဆည်းနိဗ္ဗာန်နီးမည် …ဘုန်ကြီးမှာခဲ့ပါရစေ။ သန်လျင် (ကရင်ဆိပ်ဆရာတော်) ။ သည်နေ့ ဖတ်မိလိုက်တဲ့ သံဝေဂလင်္ကာကဗျာတစ်ပုဒ်ပါ။ ရေးသားမှာကြားခဲ့တဲ့အရှင်က အလွန်ပြတ်သားလို့ ဖတ်ရှု့ဆင်ခြင်ရတာလည်း နှလုံးသွင်းရလွယ်ကူပါတယ်။ ဒီခေတ်ဒီအခါမှာ အကျော်အမော်တွေကများတော့ ကွယ်လွန်အနိစ္စရောက်ရင် (ဘုန်းတော်ကြီးဖြစ်ရင် ) အကုန်အကျများများပြုပြီး စည်စည်ကားကားပြုလုပ်နိုင်ကြတာကို မျက်စိထဲမြင်ယောင်မိလို့ပါပဲ။ ။ အသုဘရုပ်အလောင်းကို ကမ္မဋ္ဌာန်းရှု့ကြတာမဟုတ်ဘဲ အသုဘချဖို့ပွဲလုပ်နေကြတာလည်း မရှားပါပဲ။ အစဉ်အဆက်ကျင်းပလာခဲ့ကြတဲ့ အထိမ်းအမှတ်ပွဲတော်အလားပါပဲ။ … Continue reading ။ မှာခဲ့ပါရစေ ။